သွားကွယ်

သွားကွယ်

ပန်းပွင့်လေးလား နူးညံ့တဲ့ လက်ကလေးတွေနဲ့
ကြမ်းတမ်းတဲ့ တို့ဘဝအသိုက်အမြုံထဲ
ပူလောင်တဲ့မီးကို မတိုးနဲ့ပေါ့ကွယ်
မိန်းကလေးမှားမယ်
ပြင်ဆင်ခွင့်ပေးမယ် စဉ်းစားကွယ်

တို့တစ်ယောက်တည်းပဲထားခဲ့ပေါ့ နေတတ်ပါတယ်
တဖြည်းဖြည်းတော့သွေးအေးသွားမှာပဲ
သာယာတဲ့လမ်းကို ရွေးပေါ့အချစ်ရယ်
မိန်းကလေးသွားကွယ်
ဖြူစင်စွာချစ်တာ မင်းဘဝအတွက်

သွားကွယ် နှုတ်ဆက်လိုက်တယ် အချစ်ရယ်
မဆွေးနဲ့ ကြင်နာသူလေး သွားကွယ် နောက်လှည့်ကြည့်မနေနဲ့
မင်းအတွက် ကိုယ်ပျော်နိုင်ပါတယ် သွားကွယ် နှုတ်ဆက်လိုက်တယ် အချစ်ရယ်
မဆွေးနဲ့ ကြင်နာသူလေး သွားကွယ် နောက်လှည့်ကြည့်မနေနဲ့
မင်းအတွက် ကိုယ်ပျော်နေမယ်
မင်းအပြုံးလေးများ အမြဲတမ်း သတိရသွားပါမယ်
အိပ်မရတဲ့ တို့ဘဝညတွေထဲ
ရင်ခုန်သံများဟာ တိုးတိတ်ပျောက်ကွယ် ဝေးကြရမယ်
မဆုံနိုင်တဲ့လမ်းမှာ တို့တစ်ယောက်တည်း

Most popular songs of Alex

Other artists of Sertanejo